ချမ်းသာ ၂ မျိုး


ချမ်းသာ ၂ မျိုး

၁။ ကာမဂုဏ် ပြည့်စုံမှုလျှင် အကြောင်းရင်းရှိသော ‘ဂီဟိသုခ’ချမ်းသာ၊

၂။ ရဟန်း အဖြစ်လျှင် အကြောင်းရင်းရှိသော ‘ပဗ္ဗဇိတသုခ’ချမ်းသာ၊ (တစ်နည်း)

၁။ ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်သော ‘ကာမသုခ’ ချမ်းသာ၊

၂။ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ‘နေက္ခမ္မသုခ’ချမ်းသာ၊ (တစ်နည်း)

၁။ လောက၌ အကျုံး ဝင်သော ‘ဥပဓိသုခ’ ချမ်းသာ၊

၂။ လောကုတ္တရာ၌ အကျုံးဝင်သော ‘နိရုပဓိသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ အာသဝေါတရားတို့၏ အကြောင်းဖြစ်သော ‘သာသဝသုခ’ ချမ်းသာ၊

၂။ အာသဝေါတရားတို့၏အကြောင်း မဟုတ်သော ‘အနာသဝသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ ကိလေသာ၏အာရုံဖြစ်၍ ဝဋ်သုံးပါးသို့ ရောက်ကြောင်းဖြစ်သော ‘သာမိသသုခ’ ချမ်းသာ၊

၂။ ကိလေသာ အာရုံမဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ‘နိရာမိသသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ အရိယာပုဂ္ဂိုလ်တို့၏ ‘အရိယသုခ’ ချမ်းသာ၊

၂။ ပုထုဇဉ်တို့၏ ‘အနရိယသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ ကိုယ်၌ဖြစ်သော ‘ကာယိကသုခ’ချမ်းသာ၊

၂။ စိတ်၌ ဖြစ်သော ‘စေတသိကသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ ပီတိနှင့်တကွဖြစ်သော ‘သပ္ပီတိကသုခ’ ချမ်းသာ၊

၂။ ပီတိကင်းသော ‘နိပ္ပီတိကသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ သာယာအပ်သော သဘောရှိသော ‘သာတသုခ’ချမ်းသာ၊

၂။ လျစ်လျူရှုအပ်သော  သဘောရှိသော ‘ဥပေက္ခာသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ ဥပစာရသမာဓိ အပ္ပနာသမာဓိကို မှီ၍ဖြစ်သော ‘သမာဓိသုခ’ ချမ်းသာ၊

၂။ ဥပစာရသမာဓိ အပ္ပနာသမာဓိမှ ကင်းသော ‘အသမာဓိသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ ပီတိနှင့်တကွဖြစ်သော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘သပ္ပီတိကာရမ္မဏသုခ’ ချမ်းသာ၊

၂။ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘နိပ္ပီတိကာရမ္မဏသုခ’ချမ်းသာ၊ (တစ်နည်း)

၁။ သာတသဘောရှိသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘သာတာရမ္မဏသုခ’ ချမ်းသာ၊

၂။ ဥပေက္ခာသဘောရှိသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘ဥပေက္ခာရမ္မဏသုခ’ ချမ်းသာ၊ (တစ်နည်း)

၁။ ရူပါဝစရဈာန်လျှင် အာရုံရှိသော ‘ရူပါရမ္မဏသုခ’ချမ်းသာ၊

၂။ အရူပါဝစရဈာန်လျှင် အာရုံရှိသော ‘အရူပါရမ္မဏသုခ’ချမ်းသာ။

(အံ၊၁။၇၉-၈၀။) (အံ၊မြန်၊၁။၉၃။)

Comments

Popular posts from this blog

ဒုကနိပါတ်​ ( ၁၉)ဝဂ်​

ခွဲခြမ်း ဝေဖန်ခြင်း သံဝိဘာဂ ၂ မျိုး